အသုတ်(မြို့မ)ဈေးအတွင်း ဆန်နှင့်စားအုန်းဆီများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ရေကြည် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ (မြို့မ)ဈေးအတွင်း ဆန်နှင့် စားအုန်းဆီများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ရေကြည်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ တာဝန်ရှိသူများက ဆန်နှင့်စားအုန်းဆီ လက်လီလက်ကားရောင်းချနေသော ဆိုင်များအား လိုက်လံစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာတွင် စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ စျေးကစားရန် ရည်ရွယ်၍ ဆီများသိုလှောင်ထားခြင်း ရှိ/မရှိ၊ ဆီပြတ်လပ်မှုမရှိစေရေး စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာဆန်နှင့် စားအုန်းဆီများကို သတ်မှတ်စျေးဖြင့် ရောင်းချရန် ရှိ၊မရှိကို  စစ်ဆေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သတင်းသိရှိရပါသည်။

မေသန့်ဇင်(ပြန်/ဆက်)