မိုးနဲမြို့နယ် နားခံအခြေခံပညာအထက်တန်းကျာင်းခွဲ၌ ကျောင်းနှင့် ဝန်းကျင်စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်အရ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကို နားခံကျေးရွာအုပ်စု နားခံအခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းဝင်းနေရာ၌ ယနေ့နံနက် ၇ နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်းသိရသည်။