နတ်မောက်မြို့၌ မူလတန်းဆင့် ကျောင်းသား/သူများဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းဆင့် ကျောင်းသား/ သူများဖြင့်  ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ကန့်ဘလူခရိုင်ရုံး၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပြည်သူများ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ ပူးပေါင်းကာ ဆရာလူထုစိန်ဝင်းရေးသားသော “လူငယ်တွေကိုယုံပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ မူ(လွန်)တနင်းဖလုံ၌ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဇူလိုင်လ ၉ ရက်နေ့တွင် တနင်းဖလုံအခြေခံပညာ မူလတန်းလွန်ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အောင်လံမြို့၌ စားသုံးသူရေးရာအဖွဲ့သည် မြို့မဈေးအတွင်းရှိ ကွမ်းသီးနှင့်ကွမ်းယာပစ္စည်းများ ဥပဒေပြဌာန်းချက်နှင့်အညီ ရောင်းချမှုရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောင်လံမြို့မဈေးအတွင်းရှိ ကွမ်းသီးနှင့် ကွမ်းယာပစ္စည်းဈေးဆိုင်များအား ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ရောင်းချမှုရှိစေရေး ပြည်သူများ လတ်ဆတ်စွာ သုံးစွဲနိုင်ရေးအတွက် စားသုံးသူရေးရာအဖွဲ့မှ ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် အခွန်ဆိုင်ရာဥပဒေရှင်းလင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်ထမ်းပြည်သူများတွေ့ဆုံ၍ အခွန်ဆိုင်ရာဥပဒေ ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာနှင့်ကျောင်းများ အရောက်စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်‌နေ့ နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်​မြေစာရင်းဦးစီးဌာန၊ ခရိုင်/မြို့နယ်ကော်မရှင်၊ အ.ထ.က (၁) နှင့် အ.မ.က (ကုန်းသာ)ကျောင်းများသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

ကသာမြို့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မအူပင်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် ၈ နာရီမှစတင်၍ မြို့အတွင်းရှိ အသုပ်ဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များနှင့် ထမင်းဆိုင်များအား ကျန်းမာရေးအသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပန်းတနော်မြို့၌ (၂၀၂၄-၂၀၂၅) ခုနှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား/ သူလူငယ်များ ထူးချွန် ထက်မြက်သည့် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ (၂၀၂၄- ၂၀၂၅) ခုနှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၉ ရက် မွန်းလွဲ ၂ နာရီက အနောက်ပိုင်းရပ်ကွက် မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to