မန်ကန်မြို့ မန်ပန်ကျေးရွာ (အ.မ.က) ကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန်ကန် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ မန်ပန်ကျေးရွာ (အ.မ.က) ကျောင်းတွင် ဇူလိုင် (၁၉) ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့ကို အောင့်မေ့သတိရသောအားဖြင့် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က မန်ပန် (အ.မ.က) တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိဇာချိုက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့် အာဇာနည်၏ အဓိပ္ပါယ်၊ အာဇာနည်(၉)ဦး၏ အထ္တုပ္ပတ္တိအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုအကြောင်း၊  အာဇာနည်စိတ်ဓာတ်နှင့် အတုယူလေးစားဖွယ်ရာများကို ဟောပြောခဲ့သည်။ ထိုနောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် မန်ပန်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၂၅) ဦး တက်ရောက်ခဲ့‌ကြောင်း သိရသည်။

အိဇာချို(မန်ကန်၊ပြန်/ဆက်)