အမရပူရ ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ကျေးရွာအချို့တွင် မြစ်ရေများ ဝင်ရောက်လျက်ရှိရာ ရေဝင်ဒေသရှိ တိရစ္ဆာန်များကို အမရပူရမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့က ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများကို ဖရဲကျွန်းကျေးရွာ၊ ဆေးအိုးဖိုကျေးရွာနှင့် ပန်းတော်မြေကျေးရွာ၊ ရေဝင်ကျေးရွာများရှိ နွား ၁၁၀ ကောင်၊ ဆိတ် ၁၇ ကောင်နှင့် ဝက် ၅ ကောင်တို့အား ပေါင်ပုတ်လက်ပုတ်ရောဂါကာကွယ်ဆေးနှင့် ဝက်ဝမ်းကျကာကွယ်ဆေးများကို အခမဲ့ ထိုးနှံပေးခဲ့ရာ အမရပူရမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)