မိုင်းဖြတ် ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ ကျိုင်းတုံမှ ဌာနခွဲတာဝန်ခံ ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည့် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် ရပ်ကွက်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ ကျိုင်းတုံမှ ဌာနခွဲတာဝန်ခံ ဦးစိုးနိုင်ဦးနှင့် တာဝန်းရှိသူများသည် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခန့်မှန်းကုန်ကျ ငွေကျပ် (၁၉.၈) သန်းဖြင့် လမ်းအရှည် (၂၄၀) ပေ၊ အကျယ် (၁၄) ပေ၊ ထု (၆) လက်မ အတိုင်းအတာရှိ ဝမ်မိုင်ရပ်ကွက် နှင်းဆီလမ်းကွန်ကရစ် ခင်းခြင်းလုပ်ငန်း (အပိုင်း-၁) ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ခန့်မှန်းကုန်ကျငွေကျပ် (၁၇.၇၇) သန်းဖြင့် လမ်းအရှည် (၂၁၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မရှိ ဈေးတန်းရပ်ကွက် ခေတ္တာလမ်းသွယ် (၁)(အပိုင်း-၁) အားလည်းကောင်း၊ ခန့်မှန်းကုန်ကျငွေကျပ် (၁၉.၈) သန်းဖြင့် (၂၄၀) ပေ၊ (၁၄) ပေ၊ ထု (၆) လက်မရှိ ဝမ်ဟွေရပ်ကွက် မြယာလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (အပိုင်း-၁) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းအခြေအနေများကို အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်တို့က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)