ကံမမြို့ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် အခမဲ့ကုသပေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက် (၆၀) နှင့်အထက် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းအစီအစဉ်အဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများ စစ်ဆေးပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခဲ့သည်။