တာလေမြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တာလေ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်နှင့် မြို့မြေစာရင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးဘိုလေးနှင့်ဝန်ထမ်းများက မိုင်းလင်းအုပ်စု၊ ပါလိုင်ကျေးရွာရှိ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ အမြင်ကျယ်‌စေရန် စာအုပ်စာပေများ အလွယ်တကူဖတ်ရှု‌ ‌လေ့လာနိုင်‌စေရန်ရည်ရွယ်၍ စာကြည့်တိုက် အသစ်တည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပြီး စာကြည့်တိုက်မြေနေရာအား ကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)