ကျုံပျော်မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
ကျောင်းသား၊ ကျောင်းသူများ အနာရောဂါကင်း၍ ကျန်းမာရေးကောင်းမွန်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် တေဇရပ်ကွက်၊ မြေရဲမြောက် အခြေခံပညာမူလတန်းကျောင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်သည်။