ခရမ်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်လှစ်
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အမှတ် (၂) ရပ်ကွက်၊ သကျမာရိဇိန်ကြေးသွန်းဘုရားဝင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။