အင်္ဂပူ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က (အင်္ဂပူ) ငုရွှေဝါခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့် အသုံးအဆောင်ပစ္စည်းများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များမှပေးအပ်ရာ သင်တန်းနည်းပြများက လက်ခံရယူခဲ့သည်။ ဆက်လက်၍ သင်တန်းသားများအတွက် ခန့်အပ်လွှာများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီမှပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးမောင်အေးက လက်ခံရယူခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား၊ သင်တန်းသူများစုစုပေါင်း အင်အား ၂၀၀ ဦးခန့်တက် ရောက်ခဲ့ကြောင်းနှင့်သင်တန်းကို စက်တင်ဘာလ (၁၇) ရက်နေ့မှ စက်တင်ဘာလ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)