ညောင်တုန်း စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းပမာဏကြီးမာကျယ်ပြန့်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အလေးအနက်ထားဆောင်ရွက်ရန်လိုကြောင်းနှင့် သင်တန်းနည်းပြများအနေဖြင့် သင်တန်းသားများနားလည်သဘောပေါက်အောင် စနစ်တကျသင်ကြားပေးရန် အထူးပင်အရေးကြီးပါကြောင်း အမှာစကားပြောကြား၍ တာဝန်ရှိသူများက သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့် စပ်ဆက်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များအား သင်တန်းသား/သူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်သင်တန်းတွင် သင်တန်းနည်းပြ (၉) ဦးက သင်တန်းသား/သင်တန်းသူ (၁၄၇) ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)