မြန်အောင် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်မြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်း ခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၊ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အ.ထ.က(၁) မြန်အောင်ကျောင်းခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်မူဝါဒများချမှတ်ရာတွင် အရေးကြီးသောလူဦးရေနှင့်လူမှုစီးပွားဆိုင်ရာအချက် အလက်များရရှိနိုင်မည့် စီမံကိန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း" အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ သန်းခေါင်စာရင်းကောက်ယူရာတွင်အသုံးပြုမည့် Tablet ၊ သင်တန်းသားလက်စွဲစာစောင်၊ အင်္ကျီနှင့်ဦးထုတ်၊ မှတ်စုစာအုပ်/ဘောင်နှင့်ကျောပိုးအိတ်များကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများက သင်တန်းသားများအားပေးအပ်ခဲ့ကြပြီး စုပါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါသင်တန်းတွင် အထူးနည်းပြသင်တန်း (တိုင်းဒေသကြီးပုသိမ်) သို့တက်ရောကခဲ့သည့် ဆရာ (၁) ဦး၊ ခရိုင်နည်းပြသင် တန်းတွင် တက်ရောက်ခဲ့သည့် ဆရာ/ဆရာမ (၁၅) ဦးတို့မှ (၁၇-၉-၂၀၂၄ မှ ၂၈-၉-၂၀၂၄ အထိ) စာရင်းစစ်၊ စာရင်းကောက် (၂၁၅) ဦးကို စာတွေ့လက်တွေ့ ဆင့်ပွားပြန်လည်သင် ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြန်အောင်မြို့နယ်သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်ထံမှသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)