ရေများပြန်လည်ကျဆင်းသွားသည့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေ၊ မြစ်ရေများလျှံတက်ကာ ရပ်ကွက်ကျေးရွာအချို့နှင့် အခြေခံပညာကျောင်းများတွင် ရေများဝင်ရောက်ခဲ့ပြီး ယခုအခါရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် ယနေ့နံနက်(၉)နာရီခွဲက အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။