ဒေသတွင်းထုတ်လုပ်ဖြန့်ချိရောင်းချနေသည့် ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာမှ ကျော်ကျော်မုန့်တိုက် လုပ်ငန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် စီးပွားရေးကဏ္ဍ၌ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများ အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးဆိုသည့်အချက်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိပါသည်။

မအူပင်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲအား ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုရရှိရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေး ရတနာတိုးစပါးမျိုးစေ့ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် သီးနှံ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ တောင်သူများအတွက် စပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ဘုရားကျောင်းများရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဘုရားကျောင်းများရှိ ရေဘေးသင့်ပြည်သူများအား ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ရေကြည်မြို့နယ်၌ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)ရေကြည် တေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့ရုံးတွင် Women Club အဖွဲ့ဝင်များနှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် (၁၀)နာရီက Women Club အဖွဲ့ဝင်များနှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီလွင်မှ သင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်းများမှ ပြည်သူများအား တွေ့ဆုံအားပေးပြီး ဆန်များ လှူဒါန်း

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဇော်ထွန်းနှင့် ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ပု‌ဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိပွဲတော်ဝန်း၊ မနှင်းဆီတောရကျောင်းတိုက်၊ အောင်စည်သာကျောင်းတိုက်၊ အောင်မေတ္တာကျောင်းတိုက်၊ ဇီးကုန်းကျေးရွာတိုက်သစ်ကျောင်း၊ ကျည်တောင်ကန်မြို့မကျောင်း၊ မှန်ကျောင်း၊ တပင်ရွှေထီးရပ်ကွက်အတွင်းရှိ ဝေနေယျသုခဓမ္မာရုံ၊ ဉာဏဂုဏ်ရည်စာသင်တိုက်၊ ကန်ဇွန်းအင်းကျောင်းတိုက်၊ ကျောင်းကုန်းဘုန်းကြီးကျောင်း၊ မရှိခဏဘုန်းကြီးကျောင်းနှင့် ပတ္တာဘုန်းကြီးကျောင်းတို့ရှိ ရေဘေးရှောင်ပြည်သူများအတွက် ယနေ့မွန်းလွဲပိုင်းက ဆန်ရိက္ခာများ သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။
Subscribe to