မြဝတီမြို့၌ ၂၀၂၃–၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင်  ၂၀၂၃-၂၀၂၄  ပညာသင်နှစ်အတွက် ခရိုင်အဆင့်  ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။

တံတားဦးမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အကြောင်း အသိပညာပေးဟောပြော၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီအချိန်က တံတားဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းအန္တရာယ်အကြောင်း အသိပညာပေးဟောပြော ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းတွင်း ကဗျာ၊စာစီစာကုံး၊ဆောင်ပါး၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ (အ.ထ.က)(စဉ့်ကိုင်)တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းတွင်း ကဗျာ၊စာစီစာကုံး၊ဆောင်ပါး၊ပန်းချီ ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

မက်မန်းမြို့နယ်တွင် ဈေးကွက်ဝင် သံပုရာသီးများစိုက်ပျိုးရာတွင် အောင်မြင်လျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် ဈေးကွက်ဝင် သံပုရာသီးများ စိုက်ပျိုးရာတွင် အောင်မြင်လျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင်  စက်မှုနည်းပညာအကြောင်းဆွေးနွေးပွဲကျင်းပ

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် သင်ကြားပေးမည့် စက်မှုနည်းပညာအကြောင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပကြောင်းသိရသည်။

တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ပျော်ရွှင်စွာဆင်နွှဲ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ယာယီမဏ္ဍပ်ဖြင့် ကျင်းပသည်။

သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့် (၂၁) ရက်နေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ လူငယ်ရေးရာ အသိပညာပေး နယ်လှည့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး နယ်လှည့်ဆောင်ရွက်မှုကို အ.လ.က ခွဲ (မှတ်တိုင်လမ်း) ၌ ဆောင်ရွက်ခဲ့သည်။

တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြော ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ဇီးကုန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်

ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to