ကံမမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းနားကို ယမန်နေ့ နံနက် (၉) နာရီက မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။