ဒလမြို့နယ်တွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ အခမဲ့ဆေးကုသမှု ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒလတပ်နယ်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က ကျွဲလူးအိုင်ကျေးရွာရှိ ဓမ္မဒိန္နာရာမကျောင်းတိုက်၌ ဆောင်ရွက်ပေးခဲ့သည်။

ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာ စိုက်ဧက ၉၉၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဆောင်းနေကြာစိုက်ဧက ၉၉၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အုတ်ဖိုမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး (Kaeru Caravan) လုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကစားနည်း (၉) မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (အုတ်ဖို)၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယုမြို့၌ တောင်သူများ မိသားစုအပိုဝင်ငွေရရှိနိုင်ရန် သဘာဝတံမြက်စည်းပင်များ စတင်ခုတ်ယူရောင်းချ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မှီတင်းနေထိုင်ကြသော တောင်သူများသည် တောင်ပေါ်ဒေသအမြဲစိမ်းတောများတွင် အလေ့ကျပေါက်ပင်ဖြစ်ပြီး နေရာကွက်ကျား ပေါက်ရောက်လျက်ရှိသော  တံမြက်စည်းခိုင်များ မိသားစုတဖက်တလမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် စတင်ခုတ်ယူကာရောင်းချနေလျက်ရှိကြသည်။

ကျောက်ဆည်မြို့နယ် ကောင်းတင်ကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကောင်းတင်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခြင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီရေးဆွဲပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပန်းချီရေးဆွဲပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီးအရှေ့ရှိ လူနာစောင့်နားနေဆောင်၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်နာရမည့်အချက်များ အသိပညာပေး လက်တွေ့သရုပ်ပြသ

အများပြည်သူများ မီးဘေးအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ဥစ္စာများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပန်ချီဟတ်ကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to