ကလေးမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်း‌ကောက်သင်တန်းဖွင့်လှစ်

ကလေး စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်း‌ကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်း‌ကောက်သင်တန်း သင်ကြားပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

အခမ်းအနားသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၁၁၁ ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်နေ့ထိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၈၁) ဦးအား နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအချိန်အထိ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)