ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာမ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင် များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို ယနေ့နံနက် ၉  နာရီအချိန်က အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။

အာနန္ဒာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အား  ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ  သံဃာတော်အရှင်သူမြတ်များမှ ဘုရားကြီး တောင်ဘက်မုခ်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း ဖြင့် စတင်ခဲ့ပြီဖြစ်ကြောင်း အာနန္ဒာဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံကသိရသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း‌ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း‌ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့ မွန်းလွဲပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ကပ်ရောဂါအသွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ဖြစ်ပွားသောရောဂါများနှင့်ပတ်သက်၍ တစ်ခုတည်းသောကျန်းမာရေးနည်းလမ်းဖြင့်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအဆင့် အသိပေးညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကပ်ရောဂါအသွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ဖြစ်ပွားသောရောဂါများနှင့် ပတ်သက်၍ တစ်ခုတည်းသော ကျန်းမာရေးနည်းလမ်းဖြင့် ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအဆင့် အသိပေးညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ပင်စင်လစာငွေများလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ကျန်းမာရေး စောင့်ရှောက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပေးလျက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

လိပ်သိုမြို့တွင် (Pfizer) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးစတင်ထိုးနှံ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အသက် (၅၀) နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ဆေးကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် ရွှေမြင့်မိုရ်တောင် ကိုးခန်းကြီးမဟာမြတ်မုနိဘုရားတွင် ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များမှ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ရွှေမြင့်မိုရ်တောင် ကိုးခန်းကြီးမဟာမြတ်မုနိဘုရားတွင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

ဘောဂလိမြို့တွင် ဆိတ်များဈေးနှုန်းကောင်းမှုကြောင့် ဒေသနေပြည်သူများ တိုးချဲ့မွေးမြူလာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆိတ်များကိုလည်းတိုးချဲ့မွေးမြူလာကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုပေး၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီး Unique ID ထုတ်ပေးကာ အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲအချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းနှင့် အ​ခြေခံစားကုန်များ ရောင်းချပေးခြင်းကို စနစ်တကျကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to