ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၄/၂၀၂၄) ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ်သင်တန်းဖွင့်ပွဲ အမှတ်စဉ် (၄/၂၀၂၄) အား ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ယနေ့၊ နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ကျိုင်းတုံမြို့၌ ရေဘေးသင့်ပြည်သူများအား ကူညီရန်အတွက် ဂီတအနုပညာညီအကိုမောင်နှများအဖွဲ့မှ ရန်ပုံငွေရှာ

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရေဘေးသင့်ပြည်သူများအား ကူညီရန်အတွက် ယမန်နေ့က ဂီတအနုပညာညီအကိုမောင်နှမများအဖွဲ့မှ ကျိုင်းတုံမြို့မဈေးကြီးတွင် တေးသီးချင်းများဖြင့် ကုသိုလ်ယူဖျော်ဖြေသီဆိုကာ ရန်ပုံငွေရှာဖွေခဲ့ကြကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ဘိုကလေး-မော်လမြိုင်ကျွန်း ကားလမ်းဘေးရှိ မိုင်တိုင်အမှတ် ၀/၇မှ ၀/၈ အနီးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့၌ တိုင်းရင်းသားရိုးရာအက သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပဖွင့်လှစ်ခဲ့သည့် တိုင်းရင်းသားရိုးရာ အကသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာအုပ်စု ရွှေတောင်ကြားရပ်ကွတ်ရှိ ရေဘေးသင့်ပြည်များထံ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရွှေတောင်ကြားရပ်ကွက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ ညနေ ၃ နာရီက တာဝန်ရှိသူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ သက်တမ်းလွန်ဆေးဝါးနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးနှင့် တရားမဝင်ဆေးဝါးအတုများ ရောင်းချမှုမရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးရှိ ဆေးဝါးအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရှင်းလင်းဆွေးနွေးပွဲ၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုပွဲများသို့တက်ရောက်၊ ဆီထွက်သီးနှံများ တိုးချဲ့နိုင်ရေး တောင်သူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၇) နာရီက ပူတာအိုမြို့ မနက်ဈေးသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအား စိုက်ဧကများ ပြည့်မီရေး ကွင်းဆင်းကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအား စိုက်ဧကများ ပြည့်မီရေးနှင့် အချိန်မီစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်နှင့် ပုသိမ်ခရိုင်များရှိ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများတွင် ပြန်လည်စိုက်ပျိုးနေမှုများကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ကံမမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မဒေးရေလှောင်တမံ ပင်မ‌ရေပိုလွှဲမှ (၂.၃)ပေခန့် ရေကျော်ကျလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မဒေးရေလှောင်တမံ၌ ယနေ့နံနက်ပိုင်းတွင် ပင်မရေပိုလွှဲမှ (၂.၃)ပေခန့် ဆည်ရေများ ကျော်ကျလျက်ရှိသော်လည်း ဆည်ရေပြည့်အမှတ်ကျော်လွန်သည့် သာမန်ရေကျော်အခြေအနေဖြစ်သည့်အတွက် ဆည်အောက်ပိုင်းရှိ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Subscribe to