မော်လမြိုင် ဇန်နဝါရီ ၁၉
ကျေးလက်နှင့်မြို့ပြဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ ရေပိုင်းကျေးရွာများရှိ ကော့ပေါက်ကျေးရွာ၊ ကော့စိန်ကျေးရွာနှင့် ကောတွန်ကျေးရွာများသို့ရောက်ရှိပြီး ရှေးဦးစွာ ကော့ပေါက်ကျေးရွာရှိ မတ်ပဲ၊ မြေပဲ၊ နေကြာ(၂၄၂၁)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကော့စိန်၊ ကော့ပေါက်၊ ကော့တွန်ကျေးရွာများရှိ ဆီထွက်သီးနှံ၊ ဉယျာဉ်ခြံသီးနှံ စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ ကော့တွန်ကျေးရွာ၏ သီနှံစိုက်စွမ်းအား(၁၉၅)ရာခိုင်နှုန်း၊ ကော့ပေါက်ကျေးရွာ၏ သီးနှံစိုက်စွမ်းအား(၁၈၇)ရာခိုင်နှုန်း၊ ကော့စိန်ကျေးရွာ၏ ကိုင်း၊ ကျွန်း၊ ဥယျာဉ်မြေ(၇၅၈)ဧကတွင် ကွမ်း၊ အုန်းသီး၊ ငှက်ပျော်နှစ်ရှည်သီးနှံများ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကော့တွန်ကျေးရွာရှိ ဖီးကြမ်းငှက်ပျောနှင့် မတ်ပဲစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေနှင့် ကျေးလက်လမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ(၁၉၂)ကျပ်သန်းဖြင့်ဆောင်ရွက်နေသည့် ကော့တွန်ကုလားဆိပ်မှ ကော့ပေါက်ကျေးရွာသို့ ဆက်သွယ်သောလမ်း(၀.၅Kmအကြား) ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြေထိန်းနံရံဘောင် တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ကော့တွန်ကျေးရွာအုပ်စုရှိ ကုန်ထုတ်လမ်းမြေသားညှိခြင်းဆောင်ရွက်မည့် မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ပေါက်ကျေးရွာကျောင်းဟောင်းဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္သအာနန္ဒအား ဖူးမြော်ကြည်ညိုု၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဘုန်တော်ကြီးကျောင်းဓမ္မာရုံ၌ ကော့တွန်၊ ကော့ပေါက်၊ ကော့စိန်ကျေးရွာအုပ်စု ပြည်သူများ၊ တောင်သူများနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့နယ် ရေပိုင်းကျေးရွာများရှိတောင်သူများ၏ လယ်ယာကိုင်းကျွန်းမြေများ အသုံးချမှုအပေါ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကိုတွေ့ရှိရ၍ အားရကျေနပ်မှုရှိပါကြောင်း၊ တောင်သူများအနေဖြင့် လိုအပ်ချက်များရှိပါက တင်ပြကြရန် ပြည်နယ်အစိုးရအဖွဲ့မှလည်းကျေးရွာများရှိ လမ်းတံတားနှင့်လျှပ်စစ်မီးရရှိရေးကိစ္စရပ်များကို သတ်မှတ်ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ဆိုသည့်အတိုင်းရေ မြေဒေသနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများ၊ တောင်သူများက ကျေးရွာအတွင်း စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူအချိုးအရ ဆရာ၊ ဆရာမလိုအပ်ချက်၊ ကျေးရွာအတွင်းလမ်းများ တိုးချဲ့ပေးစေရေး၊ စိုက်ပျိုးရေးတောင်သူများက မိမိတို့၏ စိုက်ခင်းများအတွက် လယ်ထွန်းစက်နှင့် ရိတ်သိမ်းခြွေလှေ့စက်ဝယ်ယူနိုင်ရေး၊ ဓတ်မြေသြဇာများ သတ်မှတ်နှုန်းထားဖြင့် ဝယ်ယူနိုင်ရေး၊ လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်ဝန်ကြီးများက အကြုံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ တက်ရောက်လာသော ပြည်သူများနှင့် တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)