စဉ့်ကိုင်မြို့နယ်၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော ကျေးရွာချင်းဆက်လမ်းများအား ပြန်လည်ပြုပြင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပန်းလောင်မြစ်ရေ ဝင်ရောက်မှုတို့ကြောင့်လမ်းကြောင်း ပြတ်တောက်ပျက်စီးသွားသည့် ကျေးလက်လမ်းများအား ကျေးလက်နေပြည်သူများ လတ်တလော သားလာရေး အဆင်ပြေစေရန် မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက စတင်၍ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် သဲကုန်း​မြို့နယ်ကန်တော်မင်္ဂလာရပ်ကွက် ကန်သာယာရေလယ်ကျွန်းအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်း ကြံ့ခိုင်မှုရှိရန် စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ပွင့်လင်းရာသီကာလတွင် ကြိုတင်ကာကွယ် စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ပန်းတောင်းမြို့အ.ထ.ကကျောင်း၌ ကျင်းပပြုလုပ်သည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”တွင် ပါဝင်ဆင်နွှဲသူများ၏ ရင်တွင်းစကားသံများ

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ အ.ထ.က ကျောင်းတွင် ယမန်နေ့က ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် ဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ပါဝင်လှုပ်ရှားသူများ၏ ရင်တွင်းစကားသံများ ယခုလိုကြားသိခဲ့ရပါသည်။

ကျုံပျော်မြို့တွင် မျိုးစေ့ထုတ်စိုက်ခင်း စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲ ပြုလုပ်

ကျုံပျော်မြို့တွင် မျိုးစေ့ထုတ်စိုက်ခင်း စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲ ပြုလုပ် ကျုံပျော် စက်တင်ဘာ ၂၄ လပြည့်ဦး(ပြန်/ဆက်)

ကလောမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးကွပ်ကဲမှုရုံးတွင် ရေဘေးသင့်ပြည်သူများအား အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီက ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက ထောက်ပံ့ငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ကြီးအောင်းကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကြီးအောင်းကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူများအား ယမန်နေ့နံနက်(၉)နာရီအချိန်က ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများ ပြုပြင်ဆောင်ရွက်နေမှု၊ အခြေခံပညာကျောင်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြား

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရေလွှမ်းမိုးမှုကြောင့် ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် ဇေယျာသီရိမြို့နယ်ရှိ ပင်လောင်းလမ်းဆုံနှင့် အေးမြင့်သာယာတံတားအကြားတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် လုပ်သားများ၊ ယာဉ်ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လမ်းပခုံးများ ညီညာမှုရှိစေရန်၊ ကွန်ကရစ်လမ်းအောက်ခြေအား ကျောက်သားအမာများဖြင့် ခိုင်ခံ့စွာတည်ဆောက်ရန်နှင့် လုပ်ငန်းများ ကောင်းမွန်ခိုင်ခံ့စေရေး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ကျိုက်လတ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် (Book Club) နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နေ့လယ်ပိုင်းက (Book Club) နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ဉာဏ်သာ (မြန်မာပြန်) ရေးသားသည့် “ခေါင်းဆောင်မှုစွမ်းရည်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ဘိုကလေးမြို့နယ်တွင် “၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး” စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်ပို့ချနေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းအောင်မြင်စွာ စာရင်းကောက်ယူနိုင်ရေးအတွက် ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် စက်တင်ဘာ (၁၇) ရက်နေ့မှစတင်၍ စာရင်းစစ်၊ စာရင်းကောက် သင်တန်းစတင်ဖွင့်လှစ်ပို့ချလျက်ရှိပြီး သင်တန်းအား စက်တင်ဘာ (၂၈) ရက်နေ့အထိ ပို့ချသွားမည်ဖြစ်သည်။
Subscribe to