၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေး မြို့နယ်ကြက်ခြေနီအသင်းနှင့် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်တင်လေးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုဂရုဏာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (MFRC myanmar)မှ ဌာနေကိုယ်စားလှယ်များသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၇)ရပ်ကွက်၊ ရဲမာန်ဟုန်လမ်းရှိ မြို့နယ်ကြက်ခြေနီအသင်းရုံးသို့ ရောက်ရှိကာ မြို့နယ်ကြက်ခြေနီ အသင်းသား/သူများနှင့်တွေ့ဆုံ၍ မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ၊ စာသင်ကျောင်းများတွင် ရှေးဦးသူနာပြုစုနည်း သင်တန်းများ ဖွင့်လှစ်ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရန် စီမံဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကူညီပံ့ပိုးမှု ရယူရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ညောင်တုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ (၄၁)လမ်းရှိ မြစ်ကမ်းပါး ပြိုကျခဲ့သည့်နေရာနှင့် အမှတ်(၃)ရပ်ကွက်၊ (၁၇)လမ်းရှိ မြစ်ကမ်းထိန်းတာများအား လှည့်လှည်ကြည့်ရှုခဲ့သည်။

သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရိုင်နှင့်မြို့နယ်အလုပ်အမှုဆောင် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်အလုပ်အမှုဆောင် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းစေတီတော် မဟာသာသနာ့ဗိမာန်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ ဗဟိုအထောက်အကူပြုလူမှုရေးရာအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ ဗဟိုအထောက်အကူပြုလူမှုရေးရာအဖွဲ့ အတွင်းရေးမှူးဦးသန့်ဇင်လှိုင်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးရွှေမောင်နှင့် ဦးဖရန်စစ်၊ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်းနှင့် ဒေါ်တင်တင်သော်၊ အတွင်းရေးမှူး ဒေါ်ခိုင်မွန်မွန်ကို၊ ဒေါ်ဂျူးနှင့် ဒေါ်မေသဉ္ဇာနိုင်၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ဇင်မာညွန့်၊ ဘဏ္ဍာရေးမှူးဒေါ်အေးအေးချို၊ ဘဏ္ဍာငွေရှာဖွေရေးမှူး ဦးထိန်လင်း၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာနနှင့်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စဉ်ဆက်ပညာရေး လုပ်ငန်းကြီးကြပ်မှုကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပုလောမြို့ အ.မ.က(၅) ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံတာဝန် ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို စက်တင်ဘာ (၂၃) ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော်(၁၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့​ကြသည်။

ကြံခင်းမြို့နယ်သစ်တောဦးစီးဌာနမှ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

သစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊   ရာသီဥတုမျှတစေရန် ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို   ယမန်နေ့နံနက်ပိုင်းက၊  ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စု၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)ကျောင်း၌ ကျင်းပပြုလုပ်သည်။

ပြင်ဦးလွင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ ယမန်နေ့က ရပ်ကွက်ကြီး(၂၁)၊  မိုးကြိုးကွက်သစ်ရှိ တိုက်ပွဲရှောင်ပြည်သူလူထုအပါအဝင် ဒေသခံပြည်သူ (၁၂၀) ဦးအား ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ မြစ်ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘားအံမြို့နယ် ခဲတောက်ကျေးရွာအုပ်စု၊ ခဲတောက်ကျေးရွာတွင် စက်တင်ဘာ လ(၁၈)ရက်နေ့က သံလွင်မြစ်ရေမြင့်တက်လာပြီး မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို  ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to