လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

လဲချား ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ကျောင်းသား/သူ လူငယ်များအား စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာများများဖတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်လာစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသော စိတ်ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျောင်းသား/သူ စုစုပေါင်း (၈)ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဦးစီးအရာရှိမှဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်၊ ပြန်/ဆက်)