ကျိုင်းတုံအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများ စာအုပ်/စာပေ ဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူနှင့် ကျောင်းသား/သူများများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် ရေဘေးသင့်ကျေးရွာများ၌ ပျက်စီးသွားသော လျှပ်စစ်မီးတိုင်များအား ပြုပြင်ပြီးစီး၍ လျှပ်စစ်မီးများ ပြန်လည်ရရှိ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း (၁၁.၉.၂၀၂၄)ရက်နေ့မှ (၁၄.၉.၂၀၂၄)ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ တချို့သောကျေးရွာများတွင် သွယ်တန်းထားသော လျှပ်စစ်မီးတိုင်များ ပြိုလဲပျက်စီးသွားခဲ့ပြီး  မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ပျက်စီးသွားသော လျှပ်စစ်မီးတိုင်များ ပြုပြင်ပြီးဖြစ်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာထံမှ သိရသည်။

ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ လစဉ် ၂၁ ရက်နေ့တိုင်း‌ ဒေသတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါဆိုင်ရာ ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၅၀ ဦးခန့်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းဆေးရုံမှသိရသည်။

ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားရပ်ကွက်၊ ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  ရပ်ကွက်/ကျေးရာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ည‌နေပိုင်းတွင် ရန်ကြီးအောင် မြို့မအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ပြိုင်ပွဲဝင် အားကစားအသင်းများနှင့်အားကစားဝါသနာ ရှင်များတက်ရောက်အား‌ပေးခဲ့ကြသည်။

ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးမီးသတ်ဦးစီးဌာနမှ ရေယာဉ်ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊  ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်များကြုံတွေ့လာရပါက ရေယာဉ်ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက် ဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ရေယာဉ်ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

တောင်ငူမြို့၌ ရေများပြန်လည်ကျဆင်းသွားသည့်အတွက် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီး မြေနိမ့်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်ပြီး မြစ်ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ယခုအခါ မြစ်ရေပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ရေဘေးသင့်ခဲ့သည့် ရပ်ကွက်/ကျေးရွာ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာသာသနာ၊ သာသနိကအဆောက်အဦများအား မြို့လုံးကျွတ်စုပေါင်းလုပ်အားပေးဆောင်ရွက်လျက်ရှိသည်။
Subscribe to