မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

မလှိုင် ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီမှ စတင်၍ ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ အသက်(၁၈)နှစ်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအား (Pfizer Original Strain) ထိုးနှံပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ အသက်(၅၀)နှစ်အထက် နာတာရှည်ရောဂါ ခံစားနေရသော ပြည်သူများအား (Pfizer Omicron BA-4 BA-5 VCV) ထိုးနှံခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။ မလှိုင်မြို့နယ်တွင် Pfizer(Original Strain)ဆေး အလုံး (၁၄၀) ရရှိပြီး  ထိုးနှံပြီးစီးမှု (7 Doses) (၅၆)ဦး နှင့် Pfizer (Original Omicron VCV) အလုံးရေ(၁၄၀)လုံးရရှိပြီး ထိုးနှံပြီးစီးမှု (7 Doses) (၄၉) ဦး ထိုးနှံနိုင်ခဲ့ကြောင်း သိရှိရပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးများကို ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများကြောင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအဖြစ် ထပ်ဆောင်းထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)