မိတ္ထီလာ ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ကျေးရွာများတွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ် (၁၅)သန်းနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာအုပ်စု တောင်ဘိုကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် (၁၅)သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေ ကျပ် ၄.၅ သန်းတို့ဖြင့် ကျေးရွာတွင်းလမ်းအား အရှည်ပေ ၅၅၀၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဆိုလာရေသန့်စင်စနစ်တပ်ခြင်းလုပ်ငန်းနှင့် (၈×၅×၅) ရှိ ဂါလံ ၁၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာလှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များအား သက်ဆိုင်ရာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)