ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ်ဘို) နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုတွေ့ဆုံ
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စိန့်ဖရန့်စစ် ဇေးဗီးယဲကက်သလစ်ဘုရားရှိခိုးကျောင်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ် ဘို)နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုသွားရောက်တွေ့ဆုံခဲ့သည်။