လွိုင်လင်မြို့တွင် အခြေခံဘောလုံးသင်တန်းဆင်းပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် အားကစားကွင်းအတွင်း ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်ပညာရေးဌာန၊ Shan Unitedနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော (၁/၂၀၂၄)အခြေခံဘောလုံးသင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကာ Shan United နည်းပြချုပ် ဦးဟန်ဝင်းအောင်မှ သင်တန်းဆင်းအမှာစကား ပြောကြားပေးခဲ့သည်။