စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေး အမှတ်စဉ် (၄/၂၀၂၄) လုပ်ငန်းညှိုနှိုင်း အစည်းအဝေးတက်ရောက်  

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်း ဝန်းအတွင်းရှိ လေ့ကျင့်ရေးဘောလုံးကွင်း၌ ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအား ကစားပွဲတော်အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ်/ဘောလုံး အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။

ပန်းတနော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၇) စက်မှုလယ်ယာစခန်းမှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၇) စက်မှုလယ်ယာစခန်းမှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်၍  နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၁)နာရီက တညင်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ဦး‌ဆောင်မှုဖြင့် ရေဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကူညီရှာဖွေကယ်ဆယ်‌ရေးလုပ်ငန်းများ လျင်မြန်စွာတုံ့ပြန်‌ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ညောင်ဝိုင်းကျေးရွာအုပ်စုရှိ နဒီဧရာဆိပ်ကမ်း မြစ်မခမြစ်အတွင်း လေ့ကျင်ပြုလုပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင် ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သာသနိကအဆောက်အဦများ ကြည့်ရှုပြီး လှူဖွယ်ဝတ္ထုများ လှူဒါန်း

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်တို့သည် နေပြည်တော်ကောင်စီဝင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဥ်ကျေးရွာအုပ်စု၊ ဆင်တဲကြီးကျေးရွာ၊ သာသနာ့ဝိသောဓနိကျောင်းတိုက်သို့ရောက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ကျောင်းဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဦးခေမာဝံသထံသို့ ဆန်၊ ဆီနှင့် ဝတ္ထုငွေတို့အား ဆက်ကပ်လှူဒါန်းခဲ့သည်။

တပ်ကုန်းမြို့နယ်၌ ရေဘေးကြောင့် ယာယီပိတ်ထားသည့် စာသင်​ကျောင်းများ အရှိန်အဟုန်မြှင့် သန့်ရှင်းရေးဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ရေဘေးကြောင့် ယာယီပိတ်ထားသည့် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကယ်ဆယ်ရေးစခန်းနှင့် အနော်ရထာရပ်ကွက်(ရွာသစ်) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းများပြန်လည်ဖွင့်လှစ် စာသင်ကြားနိုင်ရေး အရှိန်အဟုန်မြှင့်သန့်ရှင်းရေးဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့သည်။

သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံ အထောက်အကူပြုအဖွဲ့ အစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအထောက်အကူပြုအဖွဲ့ အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရွှေဘိုမြို့၌ (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းခြင်းပြုလုပ်

ရွှေဘိုမြို့၌ (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းခြင်းပြုလုပ် ရွှေဘို စက်တင်ဘာလ ၂၄ ရွှေဘိုခရိုင်(ပြန်/ဆက်)
Subscribe to