စလင်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးချေးငွေဖြင့် ဆုံဆီလုပ်ငန်းတစ်ပိုင်တစ်နိုင် မြေပဲ၊ နှမ်း၊ နေကြာကြိတ်ခွဲရောင်းချခြင်းဖြင့် မိသားစုလုပ်ငန်းအဆင်ပြေ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပေါင်းပင်ဇင်းရပ်ကွက် လှည်းကြီးစု ကံပွင့်အောင်ဆီဆုံကြိတ်လုပ်ငန်းမှာ နိုင်ငံစီးပွားမြှင့်တင်ရေးချေးငွေရယူ၍ မိသားစုတစ်နိုင်တစ်ပိုင် မြေပဲ၊ နှမ်း၊ နေကြာဆုံဆီ ကြိတ်ခွဲရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။