တန့်ယန်းမြို့နယ်တွင် စာဖတ်ခြင်းအကျိုး ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ ကျင်းပ
တန့်ယန်း ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရွှင်ချမ်းလုံကုမ္ပဏီလီမိတက် Mother's Love လက်ဖက်ခြံ၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့မှ အင်္ဂလိပ်စာ ဆရာကြီးဦးမြကြိုင် M.A(English)(Thesis) New Delhi က ''စာဖတ်ခြင်းအကျိုး'' ခေါင်းစဉ်ဖြင့် စာပေဟောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။