ကျိုက်လတ် ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးမှ ဦးစီးအရာရှိဦးထွန်းဆွေနှင့် ဝန်ထမ်းများက ၁၇-၁-၂၀၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် အမှတ်(၁)ရပ်ကွက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးမင်းအောင်နှင့် အဖွဲ့ဝင်များကကြီးကြပ်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဉီးစီးအရာရှိနှင့် ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် CU-001 တွင် စာရင်းရေးသွင်းနိုင်ရေး အမှတ်(၁)ရပ်ကွက်၊ (၂၁)လမ်းမှစ၍ လူနေ/လူမနေ အဆောက်အအုံများအား Mobile Tablet အသုံးပြု၍ မှတ်တမ်းတင်ကောက်ယူခြင်းအား ဆောင်ရွက်လျက်ရှိရာ လူနေအဆောက်အအုံ ၆၂ လုံးနှင့် လူမနေ အဆောက်အအုံ ၆ လုံး စုစုပေါင်း အဆောက်အအုံ ၆၈ လုံး တို့အား မှတ်တမ်းတင်ကောက်ယူ ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)