ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)အဖြစ် စိုက်ပျိုးထားရှိသည့်၊ ဆီထွက်သီးနှံ ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများအား ယမန်နေ့ ညနေ(၃) နာရီအချိန်က မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်တို့ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။