ကန့်ဘလူခရိုင်၌ ကလေးစာပေပွဲတော် အစမ်းလေ့ကျင့်
ကန့်ဘလူ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲကျင်းပနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။