ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ငပုတောမြို့နယ်အတွင်းရှိ နွေစပါးစိုက်ခင်း၊ ပိုက်ဆံလျှော်စိုက်ခင်းနှင့် နေကြာစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

ငပုတော ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရီမွန်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါ၍ ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ ကွင်းအမှတ် ၁၃၆၆(က)၊ ဦးပိုင်အမှတ် ၃၄/၄ တောင်သူဦးမောင်မောင်စိုး၏ လယ်မြေတွင် နွေစပါးသီးထပ်ရင် စိုက်ပျိုးထားရှိမှုနှင့်  ပိုက်ဆံလျှော် စိုက်ခင်းစိုက်ပျိုးထားရှိမှုအား ကြည့်ရှု့ပြီး တာဝန်ရှိသူများထံ အပင်များစနစ်တကျ ရှင်သန်ကြီးထွားစေရေးနှင့် ပိုးမွှားအန္တရာယ်ကင်းဝေးစေရေးနှင့် အပင်အတွက်လိုအပ်သော အဟာရဓာတ်များ အချိုးကျသုံးစွဲစေရေး မှာကြားသည်။

ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်နှင့် တာဝန်ရှိသူများသည် သက္ကယ်ချောင်းကျေးရွာ ကွင်းအမှတ် ၁၃၆၆-ခ ၊ ဦးပိုင်အမှတ် ၁၂/၇ တောင်သူ ဦးမြင့်ရွှေ၏ လယ်မြေတွင် နေကြာသီးနှံ ဆင်းရွှေကြာ -၂ မျိုး‌ရွေးချယ်ခြင်း (Mass Selection)စံ (၅)ဧက စံပြကွက် စိုက်ခင်းအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပုသိမ်-ငပု‌တော ကားလမ်းဘေးရှိပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ခင်းအားကြည့်ရှု့ပြီး တာဝန်ရှိသူများထံ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် လိပ်ချောင်းကျေးရွာ ကွင်းအမှတ် ၁၃၈၃၊ ဦးပိုင်အမှတ် ၁/၄ တောင်သူ ဒေါ်မြင့်မြင့်အေး၏ လယ်မြေတွင် ဆောင်းဆီထွက်သီးနှံနေကြာ (Super sun 41) (၁၀)ဧကစိုက်ပျိုးထားရှိမှုအား ကြည့်ရှု့ပြီး အပင်အတွက်လိုအပ်သော သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျသုံးစွဲစေရေး၊ ပိုးမွှားအန္တရာယ်ကင်းဝေးစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။ု

အောင်သူ(ပြန်/ဆက်)