ချမ်းအေးသာစံ ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ချမ်းအေးသာစံမြို့နယ် မဲဆန္ဒရှင်ပြည်သူများကို မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလက်ထောက်ညွန်ကြားရေးမှူး ဦးအောင်မျိုးဆန်းမှ မြန်မာအီလက်ထရောနစ်စနစ် (EMW)ဖြင့် မဲပေးပုံ အဆင့်ဆင့်အား power point ဖြင့် ရှင်းလင်းပြသခဲ့ကာ တက်ရောက်လာသည့် မဲဆန္ဒရှင်များအား အီလက်ထရောနစ်မဲပေးစနစ် မဲပေးပုံ အဆင့်ဆင့်ကို လက်တွေ့စမ်းသပ်သရုပ်ပြခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအေးလင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးမှူး ဦးဝေလင်း၊ ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကော်မရှင်အရာရှိဒေါ်စုလဲ့ရည်ထွေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဝန်ထမ်းများ၊ မဲပေးစနစ် လေ့လာသူများ၊ ဖိတ်ကြားထားသော ပါတီကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်သူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)