နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် မဲနယ်တောင်ဒေသ စံဖူးကျေးရွာအုပ်စု၊ ပုံးအင်းဒေသ ကုန်းကျိုင်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာပစ္စည်းများ ပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် မဲနယ်တောင်ဒေသ စံဖူးကျေးရွာအုပ်စု၊ ပုံးအင်းဒေသ ကုန်းကျိုင်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာပစ္စည်းများ ပေးအပ် ဟိုပုံး စက်တင်ဘာ ၂၄ ပအိုဝ်းဒေသ (ပြန်/ဆက်)

ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား စက်တင်ဘာလအတွက် ပင်စင်လစာငွေများ စတင်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဧပြီလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်း (၅)နာရီအချိန်ကစတင်ကာ အငြိမ်းစားပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်း

ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ပြည်သူများရေဘေးသင့်ခဲ့၍ ယာယီရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အုတ်တွင်းမြို့နယ်၌ ရေကြီးနစ်မြုပ်၍ လမ်းအချို့ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်ခဲ့မှု‌ကြောင့် လမ်းအချို့ရေတိုက်စားခံရပြီးပျက်စီးခဲ့ရာ ယခုအခါရေများပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြိုနယ်လမ်းဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယမန်နေ့မှစတင်ကာပျက်စီးနေသည့်လမ်းများအား ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းဆရာမများအား ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အတွက်  ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နေ့လယ်(၁)နာရီက ရုံးလမ်းနှင့်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Subscribe to