ဟုမ္မလင်း ဒီဂရီကောလိပ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဟုမ္မလင်း ဇန်နဝါရီလ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဟုမ္မလင်းဒီဂရီကောလိပ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နန်နဝါရီလ(၁၈)ရက် နံနက်ပိုင်းက ဟုမ္မလင်းဒီဂရီကောလိပ် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲများကျင်းပခဲ့ရာ အမျိုးသမီးဘာသာရပ်ပေါင်းစုံ ဘော်လီပြိုင်ပွဲတွင် ပထမဆုကို ပထဝီမေဂျာနှင့် ဒုတိယဆုကို မြန်မာစာမေဂျာမှလည်းကောင်း၊ အမျိုးသားဘာသာရပ်ပေါင်းစုံ ဘော်လီပြိုင်ပွဲတွင် ပထမဆုကို သင်္ချာမေဂျာအသင်း၊ ဒုတိယဆုကို သမိုင်းမေဂျာအသင်းမှ လည်းကောင်း ဆုရရှိသည့် အသင်းသူ/သားများကို ကောလိပ်ကျောင်အုပ်ဆရာကြီး ဉီးသိန်းဆွေဉီးနှင့် တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဟုမ္မလင်းဒီဂရီကောလိပ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇန်နဝါရီ(၁၅)ရက်နေ့မှ (၁၈)နေ့အထိ ဟုမ္မလင်းဒီဂရီကောလိပ်မှ အမျိုးသား(၅)သင်း၊ အမျိုးသမီး(၆)သင်း စုစုပေါင်း(၁၁)သင်း ပါဝင်ရောက်ယှဥ်ပြိုင်ခဲ့​ခြင်း ဖြစ်ကြောင်းသိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)