ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းနှင့် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ လစဉ် ၂၁ ရက်နေ့တိုင်း ဒေသတွင်းရှိအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါဆိုင်ရာ ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၃၄ ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးကြောင်း သိရသည်။

ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေး ဘဏ်တွင် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း ဆောင်ရွက်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ လူငယ်ရေးရာအားကစားအသိပညာပေးဟောပြောပွဲနှင့် စုပေါင်းကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော နိုင်ငံဂုဏ်ဆောင်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအားကစားအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ကင်မွန်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်နိုင်ငံ့ဝန်ထမ်း ပင်စင်စားများပင်စင်ထုတ်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ စားသုံးဆီနှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စားသုံးဆီနှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာရောင်းချ ပေးခြင်းနှင့် အာဟာရကျွေးခြင်းတို့အား ယနေ့နံနက်က  မြန်အောင်မြို့ အောင်ဇေယျ အားကစားခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သာယာဝတီမြို့နယ်တွင် လေပြင်းဒဏ်ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုတွင် ယနေ့နံနက်ပိုင်းနေ့က လေပြင်းဒဏ်ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့သည်။
Subscribe to