လွိုင်လင်မြို့တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့်တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်ကို ယနေ့နံနက်(၉)နာရီက လွိုင်လင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပါသည်။

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အလှူငွေ ၁၁ သိန်း လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ရဟန်း၊ ရှင်သာမဏေ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေ ၁၁ သိန်းကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့၌ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုရှင်းလင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေရှင်းလင်းခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ယာခုတ်ထွင်မီးရှို့ခြင်းကြောင့် လေထုညစ်ညမ်းမှုအကြောင့းသိကောင်းစရာ Talk Show ပြုလုပ်

တောင်ယာခုတ်ထွင်မီးရှို့ခြင်းကြောင့် လေထုညစ်ညမ်းမှုအကြောင့းသိကောင်းစရာ Talk Show ပြုလုပ် ဗန်းမော် ဇန်နဝါရီ ၁၉ ခရိုင် (ပြန်/ဆက်)

ငဖဲမြို့နယ် ပန်းထိန်းကျေးရွာတွင် မြေအိုးလုပ်ငန်းကို နှစ်စဥ်ရိုးရာမပျက် လုပ်ကိုင်ရောင်းချလျက်ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပန်းထိန်းကျေးရွာသည် ပန်းထိန်းမန်းချောင်းဘေးတွင်တည်ရှိပြီး ဒေသခံတောင်သူများက လယ်ယာလုပ်ငန်း၊ ဥယျာဥ်ခြံမြေလုပ်ငန်းနှင့်အတူ ဘိုးဘွားအစဥ်အဆက် မိရိုးဖလာမိသားစုတနိုင်တပိုင်လုပ်ငန်းအဖြစ် မြေအိုးလုပ်ငန်းကို နှစ်စဥ်အစဥ်အလာမပျက် ထိန်းသိမ်းလုပ်ကိုင်ရောင်းချပြီး မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ "ကလေးအလုပ်သမားပပျောက်ရေး" အသိပညာပေး Talk Show ပြုလုပ်

ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ "ကလေးအလုပ်သမားပပျောက်ရေး" အသိပညာပေး Talk Show ပြုလုပ် ဖျာပုံ ဇန်နဝါရီ ၁၈ အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)

မိုင်းရယ်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့် ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းရယ်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူများ ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
Subscribe to