ငပုဝောာမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ငပုတောမြို့နယ်အလယ်ကျွန်းဒေသ မကျီးပင်ကျေးရွာ၊ ကညင်ငူကျေးရွာ၊ သင်္ဃန်းကုန်းကျေးရွာ၊ ဂွေးချောင်းကျေးရွာ၊ သက္ကာယ်သောင် ကျေးရွာအုပ်စု(၅)စုတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်သော အဟာရဓာတ်များ ရရှိစေရေးတို့အတွက် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်မျိုးစေ့မျာကို လမ်းဘေး ဝဲ / ယာများ တာဘောင်များပေါ်၌ တာဝန်ရှိသူများနှင့်အတူ စုပေါင်းစိုက်ပျိုးသည်။