တောင်ကုတ် ဇန်နဝါရီ ၁၉
တောင်ကုတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ပန်းချီပြိုင်ပွဲကို ယမန် နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကျင်းပရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်တင်တင်ဦး နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြိုင်ပွဲတွင် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်တွင် ပြိုင်ပွဲဝင်(၁၇)ဦးနှင့် အလယ်တန်းအဆင့်တွင် ပြိုင်ဝင်(၄၃)ဦး စုစုပေါင်း (၆၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲကို နောင်အနာဂတ်တွင် တိုင်းပြည်အတွက် အားထားရမည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)