မြင်းခြံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက(၁)ကျောင်း ဧရာဝတီခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေးသင်တန်းသားများ လက်တွေ့စမ်းသပ်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့်စာရင်း စစ်/ စာရင်းကောက်များက မြေပြင်လက်တွေ့စမ်းသပ်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၇)၊ ပြည်တော်သာရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေဧရိယာများတွင် အစားထိုးစိုက်ပျိုးနိုင်ရေး ပဲပုတ်မျိုးစေ့များ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုးနဲမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ရေနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ယာမြေများ၌ ရေကျချိန် အစားထိုးစိုက်ပျိုးနိုင်ရန် မျိုးလိုအပ်ချက်မရှိ‌စေရေးအတွက် မျိုးသန့်ပွားစိုက်ပျိုးနိုင်ရန် ပဲပုတ်မျိုးစေများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

ဟင်္သာတမြို့နယ်တွင် မြို့နယ်အဆင့် သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် သင်တန်းမှ သင်တန်းသား/သူများ လက်တွေ့ကွင်းဆင်း စမ်းသပ်ကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်နှင့် လယ်တီကွင်းရပ်ကွက်များသို့ လက်တွေ့ကွင်းဆင်း၍ သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့် ကောက်ကွက်မြေပုံဖွဲ့စည်းမှု၊ ကောက်ယူရမည့်စနစ်တို့အား စနစ်တကျဖြစ်စေရေးအတွက် မြို့နယ်အဆင့် သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းမှ သင်တန်းသား/သူများက ယနေ့နံနက်ပိုင်းက အဆိုပါနေရာများတွင် လက်တွေ့ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မုံရွာမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ စာရင်းစစ်/စာရင်းကောက်သင်တန်း ဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ စာရင်းစစ်/စာရင်းကောက်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မုံရွာမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သင်တန်းသားများနှင့် ရပ်ကျေးကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် တောင်ခြေကျေးရွာတွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လယ်ယားတောင်ကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာတွင် ကျေးရွာနေ ပြည်သူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတ မြင့်မားတိုးတက်လာစေရေးအတွက် ကျေးရွာစာကြည့်တိုက် ဆောက်လုပ်မည်ဖြစ်ရာ စာကြည့်တိုက် ပန္နက်တင်မင်္ဂလာကို ယနေ့နံနက် (၉) နာရီက အဆိုပါစာကြည့်တိုက် ဆောက်လုပ်မည့် ကျေးရွာပိုင် မြေကွက်လပ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ၆၂ လမ်း၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်း၊ ချမ်းမြသာစည်မြို့နယ်၌စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဟားခါးမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးရှင်းလင်းပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးရှင်းလင်းပွဲကို စက်တင်ဘာလ ၂၆ ရက်နံနက် ၉ နာရီခွဲက ဟားခါးခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား (မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသခံပြည်သူများ မွေးမြူထားရှိသည့် ကျွဲ၊ နွား တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွားလာပါက အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် မွေးမြူရေးလုပ်ငန်းရှင် ပြည်သူများ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နည်းနှင့် လက်တွေ့ဆေးကုသနည်းများ သိရှိနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား(မွမ်းမံ)သင်တန်း ဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to