မက်မန်းမြို့ အောင်သံလွင်ကျေးရွာတွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာနိုင်စေရန် ရည်ရွယ်၍ မက်မန်းမြို့နယ်၊ အောင်သံလွင်ကျေးရွာခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က လူငယ်ရေးရာဟောပြောပွဲ ကျင်းပခဲ့သည်။