ချမ်းအေးသာစံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များ သင်တန်းဆင်းပွဲကျင်းပ

၂၀၂၄ခုနှစ်၊ လူဦးရေနှင့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသင်တန်းဆင်းပွဲအခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပညာရေးဒီဂရီကောလိပ်(မန္တလေး)တွင် စက်တင်ဘာလ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဦးဘလွင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်အတွင်း စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များအား ပြည်သူ့လက်ဝယ်အရောက် လိုက်လံထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်း စားအုန်းဆီဝယ်ယူခွင့်စာအုပ်များအား ပြည်သူ့လက်ဝယ်အရောက် လိုက်လံထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က လိုက်ဖြန့်ဝေပေးကြကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား စာရင်းစစ်/စာရင်းကောက် သင်တန်းသားများမှ လက်တွေ့ကွင်းဆင်းစမ်းသပ်ကောက်ယူ

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လာမည့်အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ ကောက်ယူမည်ဖြစ်ရာ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်ကသန်းခေါင် စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လက်တွေ့ကွင်းဆင်း စမ်းသပ်ကောက်ယူခဲ့ကြကြောင်း သိရသည်။

ပေါက်ခေါင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ပေါက်ခေါင်း) ရွှေရတုခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူ‌မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့မှုများပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲ ကျင်းပ

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေး၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝ တိုးတက်မြင့်မားစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်သင်ကြားမှုအား မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်သင်ကြားနေမှု အခြေအနေအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်က စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကလောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ကလောချောင်း ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ၁၂ ရက်နေ့အထိ ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့မှာ ရေများပြန်လည်ကျဆင်းသွားသည့်အတွက် ပြန်လည်ထူထောင်လုပ်ငန်းများ နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းနှင့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကလောချောင်းရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကလောတပ်နယ်မှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စမ်းသပ်ကွင်းဆင်းကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စမ်းသပ်ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to