ကန်ကြီးထောင့်မြို့နယ်၌ စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများမှ လက်တွေ့ကွင်းဆင်းကောက်ယူခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ (၁၇)ရက်နေ့က ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့တွင် သင်တန်းသား၊ သင်တန်းသူများမှ မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် လက်တွေ့ကွင်းဆင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ပညာတံခွန်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲရှိ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များမှ ဂုံးချွိန်ကျေးရွာရှိ ပေါ်တော်မူ ကံ့ကော်တော ဘုရား၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် ရိုးစုံကျေးရွာအုပ်စု သပြေသာကျေးရွာ၌ စုပေါင်းသန့်ရှင်းရေးများပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း စက်တင်ဘာလ(၁၁)ရက်မှ(၁၄)ရက် အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ရေဝင်ရောက်ခဲ့သော ကျေးရွာအုပ်စုများရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်လျက်ရှိသည်။

ထားဝယ်မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန့်နေညနေပိုင်းက ထားဝယ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

သရက်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးခန်းမ၌ ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးလုပ်သား(၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

ပူတာအိုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ဖွင့်လှစ်ခဲ့သည့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ(၂၇) ရက် ညနေ(၃)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

မိုင်းကိုင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးသင်တန်းဆင်းပွဲနှင့် မြို့နယ်အဆင့် သင်တန်းနည်းပြခန့်အပ်တာဝန်ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to