ဒေးဒရဲမြို့၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများသို့ (Grade-9) အောင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းများ အသိပညာပေး ဟောပြော
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ စက်မှု၊ စိုက်ပျိုးမွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားသည့်ကျောင်းသို့ (Grade-9) အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က သက္ကယ်ချောင်ကျေးရွာအုပ်စု၊ ရွှေဘိုစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။