လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄ခုနှစ်၊  လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်  စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကရင်ပြည်နယ်၊  လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂၀၂၄) ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးသက်နိုင်က အမှာစကားပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် နယ်မြေစခန်းမှူးရဲအုပ်ဇေလတ်တို့က သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်ကို ပေးအပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ထိခိုက်ပျက်စီးမိုးစပါးများ ပြန်လည်ထွန်ယက်စိုက်ပျိုးနေမှု ကြည့်ရှုအားပေး

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ချောင်းဦးမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (မြို့နယ်အဆင့်) သင်တန်းဆင်းပွဲကျင်းပ

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ရာ ချောင်းဦးမြို့နယ်အတွင်း စာရင်းကောက်ယူမည့်  စာရင်းစစ်၊ စာရင်းကောက်များအား စာရင်းကောက်ရာတွင် လွယ်ကူစေရန် မြို့နယ်အဆင့် သန်းခေါင်စာရင်းသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းခန်းမဖြစ်သည့်  ချောင်းဦးမြို့ အနော်ရထာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

မင်းလှမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မြို့နယ်အဆင့် သန်းခေါင်းစာရင်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအား တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြို့နယ်အဆင့်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်‌နေ့နံနက်ပိုင်းက ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ နန္ဒဝန်ပန်းခြံနှင့် “ထ”ကန်၊ မြို့နယ်ခန်း၊ စစ္စနို့ကျေးရွာ၊ ညောင်ပင်သာကျေးရွာတို့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူး ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အိမ်မွေးတိရစ္ဆာန် ခွေးများတွင်  ခွေးရူးရောဂါအန္တရာယ် ကင်းဝေးစေရေး ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ရေဘေးသင့်ကျေးများတွင် ပုံစံ(၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေ၊ မြစ်ရေများလျှံတက်ကာ မြေနိမ့်ပိုင်း ရပ်ကွက်/ကျေးရွာအချို့တွင် ရေများဝင်ရောက်ခဲ့ပြီး ပျောက်ဆုံး/ ပျက်စီးခဲ့သည့် ပုံစံ(၆၆/၆)နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့က ပနံကျေးရွာအုပ်စုံအတွင်းရှိ ပြည်သူများအား ပျောက်ဆုံး/ပျက်စီးခဲ့သည့် ပုံစံ(၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ပြန်လည်ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ဆင်ပေါင်ဝဲမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သင်တန်းသား၊ သင်တန်းသူများ လက်တွေ့စမ်းသပ် ကွင်းဆင်းကောက်ယူ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား၊ သင်တန်းသူများသည် မြေပြင်တွင် လက်တွေ့စမ်းသပ်ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်တွင် ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီကခွဲက မင်းလှအခြေခံပညာအထက် တန်းကျောင်းမင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာစာသင်ကျောင်းများ ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအားဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
Subscribe to