တွန်းဇံမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း စာသင်ခန်းမ၌ ကျင်းပပြုလုပ်သည်။