လောင်းလုံးမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

လောင်းလုံး ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ ပညာ​ရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က လောင်းလုံးမြို့၊ အ-မ-က (က)ရပ်ကွက်ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ-ထ-က၊ လောင်းလုံးကျောင်းမှ ကျောင်းသား/ကျောင်းသူများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးမှ ပညာရေးစုံညီပွဲတော် ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်အတွင်းရှိ ထူးချွန်ဆုရရှိသော ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့၍ အ.ထ.က၊ လောင်းလုံးကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဘက်စုံပညာကိုရည် ဒို့လှမ်းချီသီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကျော်လွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်ပညာရေးမှူးနှင့် ကျောင်းဆရာ၊ဆရာမများ၊ ကျောင်းသား၊သူများ စုစုပေါင်း အင်အား(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

သိန်းသိန်း(လောင်းလုံး)