ဘုတ်ပြင်းမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းကောက်၊ စာရင်းစစ် သင်တန်းသားများ မြေပြင်လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ကြားပေး

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်၊စာရင်းကောက် သင်တန်းဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် သင်တန်းသားများ လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ကြားခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လက်တွေ့သင်ခန်းစာအတွက် စမ်းသပ်ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် သင်တန်းကို အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌  စက်တင်ဘာ(၁၇)ရက်နေ့မှ(၂၈)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ပို့ချလျက်ရှိရာ ယနေ့နံနက်(၉)နာရီက သန်းခေါင် စာရင်းကောက်ယူခြင်းလက်တွေ့သင်ခန်းစာအတွက် သင်တန်းသား/သင်တန်းသူ (၁၅၆) ဦးက ရပ်ကွက်များသို့ ကွင်းဆင်း၍ စမ်းသပ်ကောက်ယူခဲ့‌ကြကြောင်း သိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ဆည်တပ်နယ်မှ စဉ့်ကိုင်မြို့နယ်ရှိ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ရိက္ခာများ ထောက်ပံ့ပေးအပ်

နိုင်ငံတော်ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် မိမိတို့မြို့နယ်အတွင်း လုံခြုံရေးကိစ္စရပ်များတွင် တစ်ဖက်တစ်လှမ်းမှ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စိတ်အေးချမ်းသာယာစွာ လုပ်ကိုင်နိုင်စေရန်နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အထောက်အပံ့ဖြစ်စေရန်အတွက် စသည့်တို့ကိုရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ဆည်တပ်နယ်မှ စဉ့်ကိုင်မြို့နယ်ရှိ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ဆန်၊ ဆီ၊ (ရိက္ခာများ) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ရာ ကျောက်ဆည်ခရိုင် တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ သကယဒုတိယကျောင်းအုပ်ကြီး၊ ဒုဗိုလ်မှူးကြီး တင်မျိုး‌ဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ၊ စုစုပေါင်းအင်းအား (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာတွင် ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBS) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေး အရင်းအနှီးများရရှိစေရန်၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတနှင့် နည်းပညာများရရှိခြင်းဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေရန်၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်၊ ဒေသထွက်ကုန်အပေါ်အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးရွာတစ်ရွာ ထွက်ကုန်တစ်မျိုးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဟံမြင့်မိုရ်ကျေးရွာတွင် ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBS) စီမံကိန်းရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာ ရွှေပြည်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)နှင့် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှု ကော်မတီတို့မှ ယနေ့နံနက် ၁၀ နာရီက အမှတ်(၄၅)ရပ်ကွက်၊ နဝဒေးစာကြည့်တိုက်သို့  ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့သည်။

ကျိုက်လတ်မြို့၌ (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၈)ကြိမ်မြောက် (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြစန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက အ.ထ.က(ချောင်းဆုံ)ကျောင်း သီရိရတနာခန်းမတွင်ကျင်းပရာ အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျောင်းသားလူငယ်များစာဖတ်သည့် အလေ့အထများရှိလာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ပညာ့ဗိမာန်)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ဇီးကုန်းမြိုနယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကတင်း(၁၀၀)ကျော် ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ဧကများအား ကွင်းဆင်းကြီးကြပ်၍ရိတ်သိမ်းလျက်ရှိရာ ယမန်နေ့က သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ ကွင်းအမှတ်-၃၈၁(s) တောင်သူဦးသန်းဌေး၏ လယ်၌ ရိတ်သိမ်းခဲ့သည်။
Subscribe to