တာချီလိတ်မြို့၊ အထက (ဟောင်လိတ်)၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း (ဟောင်လိတ်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ​ သင်္ဃန်းကျွန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ သင်တန်းသား/ သင်တန်းသူများ စာဖတ်ရှိန်မြင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊ သင်တန်းသူများထံသို့ စာအုပ်များ လက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ရေနံချောင်းမြို့နယ် ပဆင-အေးရွာ-ညောင်စောက်ချောင်း-ဝါးရိုးလမ်းအား ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်သည် လမ်းဦးစီးဌာန လမ်းကြီးကြပ်ရေးအဖွဲ့(မကွေး)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရေနံချောင်းမြို့နယ် ပဆင-အေးရွာ-ညောင်စောက်ချောင်း-ဝါးရိုးလမ်းအား ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ “ဓမ္မကွန်ယက်ပေးသောလက်ကုသိုလ်တော်ဆေးခန်း” စတင်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၄)ရပ်ကွက်၊ ဓမ္မစာဂီအုတ်တွင်းကျောင်းတိုက် ဓမ္မာရုံ၌ “ဓမ္မကွန်ယက်ပေးသောလက် ကုသိုလ်တော်ဆေးခန်း” ကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က စတင်ကုသပေးလျက်ရှိသည်။

ကျိုက်မရော၌ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(book club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”လူငယ်နှင့် ပညာဆိုင်ရာစာစု စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ယူမှုမရှိစေရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ယူမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဟိုပုံး-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီး (နေမင်းရောင်လုံခြုံရေးဂိတ်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့၌ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေး ‌ပိုစတာများ စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေစေရေးအတွက် မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှူ ကော်မတီက “Don’t Dink And Drive “မူးလျှင်မမောင်းနှင့် မောင်းလျှင်မမူး” နှင့် “Don’t Use Cell Phone While Driving “၊ အန္တရာယ်ကင်းဝေးစေဖို့ ဖုန်းသုံးစွဲမှု ရှောင်ရှားစို့၊ ပိုစတာများကို ယ‌မန်နေ့ညနေပိုင်းက  ငပုတောမြို့အဝင်နှင့် ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်များကို ယင်းမာလမ်း၊ မဂ္ဂလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းမကြီးတို့တွင် စိုက်ထူပေးခဲ့သည်။

တပ်ကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီက အဆိုပါကျောင်းတွင် ယာယီမဏ္ဍပ်ဖြင့် ကျင်းပသည်။

ဗန်းမော်မြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီခန့်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to