မင်းလှမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းဆင်းပွဲ  အခမ်းအနား ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက်သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီချိန်က မြို့ နယ်အထွေထွေအုပ်ချုပ်‌ရေး‌ဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်/ စာရင်းကောက် သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက (အ.ထ.က) ပုသိမ်ကြီးရှိ အောင်ဇမ္ဗူခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းမြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအပေါ် အသုံးစရိတ်ချပြရှင်းလင်းခြင်းနှင့် လူထုစစ်ဆေးပွဲအခမ်းအနား ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် သမန်းရင်းကျေးရွာအုပ်စု၊ သမုန်းကုန်းကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအပေါ် အသုံးစရိတ်ချပြရှင်းလင်းခြင်းနှင့် လူထုစစ်ဆေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ (၂၀၂၄) ခုနှစ်  စက်တင်ဘာလ(၂၈)ရက်နေ့တွင် ရောက်ရှိသည့် (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲအခမ်းအနားကို  ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်တွင် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါဆိုတော်မူသော သံဃာတော်အရှင်သူမြတ် (၂၁၄) ပါးအား အာရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြည်စိုး ဦးဆောင်သောရဲကင်း၊ ရဲစခန်းမိသားစုဝင်များစုပေါင်းပြီး မြို့နယ်အတွင်းရှိဝါဆိုတော်မူသော သံဃာတော်အရှင်သူမြတ် (၂၁၄) ပါးအား အာရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့နံနက် (၄) နာရီအချိန်က ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ အိမ်တော်ရာလမ်းရှိ တနင်္ဂနွေဆွမ်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ဝန်ထမ်းများအား  ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “ကယားပြည်နယ်အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသော ဝန်ထမ်းများအနေဖြင့် မိမိတို့မူလတာဝန်များ မပျက်အောင် တာဝန်ထမ်းဆောင်နေမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ လွိုင်ကော်မြို့နယ်အတွင်း ယခုလ(၉)ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေစတင်ဝင်ရောက်နေ့မှစ၍ ရေဘေးကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်စီမံဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ ကူညီပါဝင်စွမ်းဆောင်နိုင်မှုများကြောင့်လည်း ယခုကဲ့သို့ အခက်အခဲများကို ကျော်ဖြတ်နိုင်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များမှ လှူဒါန်းထောက်ပံ့သည့် ပစ္စည်းများအားလုံးကို ရေဘေးသင့်ပြည်သူများလက်ဝယ်သို့ မျှမျှတတရရှိစေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများပြီးပါက ပြန်လည်ထူထောင်ရေးကာလများတွင်လည်း ဝန်ထမ်းများတက်ကြွစွာဖြင့် တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းလိုကြောင်း” စသည်ဖြင့်ပြောကြားခဲ့သည်။

ကျွန်းလှ၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက်  မြို့နယ်အဆင့် စာရင်းကောက်၊ စာရင်းစစ် သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းကောက်၊ စာရင်းစစ် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်စိုက်ပျိုးတောင်သူ၊ ကုန်သည်၊ စက်ပိုင်များအသင်း ကုန်စည်ဒိုင် စတင်ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် အသင်းပိုင်ဘက်စုံစိုက်ပျိုးရေးခြံအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာအဆင့်မြင့်ဈေးအတွင်း တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်သည့် ဈေးကွက်ဝင်သီးနှံများအား လုပ်ငန်းရှင်နှင့် တောင်သူများအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ မျှတသော၊ တည်ငြိမ်သော ဈေးကွက်တစ်ခုတည်ထောင်နိုင်ရန်အတွက် ပြည်နယ်စိုက်ပျိုးတောင်သူ၊ ကုန်သည်၊ စက်ပိုင်များအသင်း ကုန်စည်ဒိုင်ဖွဲ့စည်းတည်ထောင်ထားရှိမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် စက်တင်ဘာ ၂၇ ရက် နံနက် ၈ နာရီက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။

မုံရွာမြို့၌ (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနား ပြုလုပ်

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်သည့် (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မုံရွာခရိုင်ပညာရေးမှူး ဦးမြင့်‌ဆွေနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့သည်။

တောင်သာမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းဆင်းပွဲနှင့်စာရင်းစစ်၊ စာရင်းကောက်တာဝန် ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းဆင်းပွဲနှင့် စာရင်းစစ်၊ စာရင်းကောက်တာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to